တူယှဉ်ကာလေ တစ်ကယ်ပဲ အစွမ်းပြချင်တယ် :)
အိန္ဒိယ မြန်မာအခြား

Jun 22, 2013

FB တွင် ကိုယ်ကြိုက်၍ Like လုပ်ထားသော page မှ စာများသာ ဖတ်မည်

FB ဟာ သတင်းနဲ့နည်းပညာတွေအပြင်၊ တစ်ခြားသော နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ ဘာသာရေး ၊ အချစ်ရေး ... စ, စ သည်ဖြင့်ပေါ့လေ အဲဒါတွေကို အချိန်နဲ့ တစ်ပြေးညီ အလွယ်တစ်ကူ Post တင်ပြီး စီစဉ်ထားတဲ့ online social networking service တစ်ခုဖြစ်သလို ဒီလိုဖြစ်အောင်လည်း FB ကို ၂၀၀၄ ခုနှစ် ၊ နှစ်စ လောက်ကတည်းက စီမံတည်ထောင်သူ Mark Zuckerberg ကလည်း နည်းပညာအမျိုးမျိုးနဲ့ ဆက်တိုက်ထိုးဖောက်လာခဲ့ရာ Blog နည်းပညာနယ်ပယ်မှ Blogger များသည်ပင် မိမိတို့၏ Blog အား FB တွင် Page ဖန်တီးခြင်းဖြင့်လည်းကောင်:၊ Group ဖန်တီးခြင်းဖြင့်လည်းကောင်း မိမိတို့၏ နည်းပညာများကို FB နှင့် ဆက်သွယ်ခြင်းဖြင့် မိမိတို့ရေးသား ပြုစု၊ ဖန်တီးဖြစ်သော နည်းပညာများ၊ ရသစာပေးများ၊ ကုမ္မဏီများဆိုလျှင် ကြော်ငြာလုပ်ငန်း ၊ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းများ၊ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းက မိမိနှစ်သက်ရာ ၀ါသနာပါရာကို Page အဖြစ် ဖန်တီး၍ ရေးသားတင်ပြမှုများပြုလုပ်လာကြလေတော့သည်။

ထို့သို့ အမျိုးမျိုးသော အကြောင်းအရာများကို လေ့လာလိုက်စားနေသော သူများ ၊ လေ့လာစောင့်ကြည့် ဖတ်ရှုလျှက်ရှိကြသည့်လူများသည် သောင်းပြောင်းထွေလာစုံလင်လှသည့် FB Page များအား Like လုပ်ခြင်းဖြင့် စိတ်ဝင်စားကြကုန်သော်လည်း ပြဿနာတစ်ခုမှာ မိမိတို့၏ FB သူငယ်ချင်းများဆီမှ တက်တက်လာသော News Feed များနှင့် Share ဆိုသည့်ုအရာများကြား မိမိကြိက်၍ Like လုပ်ထားသော Page များမှ သတင်းများ ၊ နည်းပညာများ၊ ရသစာပေများသည် တစ်နေရာထဲတွင် ဖြစ်မနေတော့ပဲ အစီစဉ်မကျ ဟိုမှသည်မှ ပြန်ရှာဖတ်၍နေရသလို ၎င်း ကြိုက်၍ Like လုပ်ထားသော Page များမှ အကြောင်းအရာများကိုလည်း မိမိမှအား၍ ရရှိသောအချိန်နှင့် ဖတ်ရှုလေ့လာရန် ပြဿနာတစ်ရပ် ဖြစ်နေလေတော့သည်။

မိမိ၏ Home Tab ကို နှိပ်လိုက်ရုံဖြင့် မိမိသူငယ်ချင်းများဆီမှ တက်လာသော News Feed နှင့် Share များကို မိမိတွင်မပေါ်လာစေရန်နှင့် မိမိ ကြိုက်၍ Like လုပ်ထားသော page များမှ အကြောင်းအရာများသည်သာလျှင် မိမိ Home Page တွင် ပေါ်နေစရန်အတွက် FB ကနေပြီးတော့ အစောကြီးကတည်းက စီစဉ်ပေးပြီးသား ပရိုဂရမ်လေးတစ်ခုတော့ ရှိခဲ့ပြီးသားဖြစ်သည်။

အဲဒါကို တစ်ချို့  FB ကို စပေါ်ကတည်းက သုံပြီး ၊ သုံးပါများရင်း ဖင်ချိုင့်၍၀င်နေသော FB ဘိုးအေများ နှင့် FB မင်းသား ၊ မင်းသမီးများဟု ခေါ်တွင်ရလောက်အောင် နာမည်ကြီးနေသော သူများမပါပဲ မသိသေးသောသူများအတွက် အောက်ပါ လုပ်ဆောင်ချက်လေးကို မိမိအားလည်း ညီလေးတစ်ယောက်မှ ပြောပြလာ၍ ခုလို စာရှည်ရှည်ရေးပြီး တင်ပြလိုက်ပါသည်။

၁။ မိမိသူငယ်ချင်းဖြစ်သူတစ်ယောက်၏ Account သို့မဟုတ် သူမရုပ်ပုံလေးကို နှိပ်လိုက်တာနဲ့ ညာဘက်ထောက်တွင် Frinends နှင့် Mesage ဆိုသည့် Drop down menu များကိုသင့်တွေ့ရမည်ဖြစ်သည်။

၂။ Friends ဆိုတဲ့ Tab ကို Mouse cursor ထောက်လိုက်တာနဲ့ အောက်မှာ Get Notifications မှသည် Unfriend ထိပါသည်ကို တွေ့ရမည်ဖြစ်သည်။

၃။ သင်လုပ်ရမည်မှာ Get Notifications နှင့် Show in News Feed များတွင်ရှိနေသော အမှန်ခြစ်များကို ဖြုတ်၍ Acquaintances ဆိုတာကို အမှန်ခြစ် ပြန်ပေးလိုက်ရုံပင်ဖြစ်သည်။

အထက်ပါ (၃) ချက်ကို လုပ်ဆောင်ခြင်းအားဖြင့် မိမိသူငယ်ချင်းများ ၊ ကောင်မလေး ၊ ကောင်မကြီးများ၊ ဦးဦး ဒေါ်ဒေါ်များ ၊ ဖေဖေ မေမေများ၊ ကောင်ကလေး ကောင်ကြီးများ ... ချစ်သူ ချစ်သူမဟုတ်သော သူတို့၏ တက်လာသော Feed များ Share များ သင့် Home page တွင် ပေါ်နေတော့မည်မဟုတ်ပဲ သင်ကြိုက်၍ Like လုပ်ထားသော page များမှ အကြောင်းအရာများသည်သာလျှင် ပေါ်နေတော့မည်ဖြစ်သည်။

ကျွန်တော် ဒီလိုရေးတင်ပြလို့ ကျွန်တော့် |FB မှာရှိတဲ့ သူငယ်ချင်းများ ကို ကျွန်တော်ကလည်း လုပ်ထားသင့်သူကို လုပ်လိုက်ပြီးြုဖစ်ပါတယ်။ ဒီအတွက် စိတ်မကောင်း မဖြစ်ပါနဲ့ Acquaintances ဆိုတာကို မြန်မာမှုပြုရလျှင်ဖြင့် ခင်မင်ကျွမ်းဝင်မှု ၊ အသိအကျွမ်းဖြစ်မှုပါ ဒါကြောင့် ဒါကို အမှန်ုခြစ်လိုက်တယ်ဆိုတော့ တို့တွေက သိကျွမ်းပြီးသား လို့ ဆိုလိုတာပါ :P ဒါကြောင့် မလိုအပ်လို့ လုပ်လိုက်တာမဟုတ်ပါ။
ပြီးတော့ ကိုနဲ့ခင်တဲ့ လူဆို သတိရရင် သူ့ ccount ကို နှိပ် သူ့ကို ၀င်ကြည့်ရုံနဲ့ သူဘာတွေ လုပ်နေလဲ ဖြစ်နေလဲ ဘာတွေတင်ထားလဲဆိုတာ သိနေနိုင်တာပဲနော်။ ခုက ကိုကြိုက်လို့ Like လုပ်ထားတဲ့ page တွေက အကြောင်းအရာတွေကို အချိန်နဲ့တစ်ပြေးညီ ဖတ်နိုင်အောင်လို့
တို့လည်း တို့သိလိုက်တာလေးကို ခုလို အပင်ပန်းခံ စာရေးရှင်းပြလိုက်ရတာပါ။

အစ်ကိုတစ်ယောက်ပြောပြောနေတဲ့ စကားတစ်ခွန်းကို ကြိုက်မိလို့ လက်ဆောင်ပေးလိုက်မယ်နော် " အခမဲ့ဟုဆိုသော နေရာများတွင် အဖိုးတန်သည်များ ပါဝင်နေတတ်သည်" တဲ့
ဒါပဲနော် .. ကျေးဇူးတင်ပါတယ်။
=============================
ရေးသားတင်ဆက်သူ - မိုးထက်လုလင်

0 comments:

Post a Comment

MUCTR တက္ကသိုလ်ရှိ ကျာင်းသားများအတွက်

ရုရှားနိုင်ငံ၊ မော်စကိုမြို့ တော်ရှိ Mendeleyev University Of Chemical Technology Of Russia (MUCTR ) တက္ကသိုလ်မှ မြန်မာကျောင်းသား ညီငယ် Ph.D သင်တန်းသားများအတွက် Ph.D course တွင် ၎င်း (MUCTR) ကျောင်း Website တွင်ဖော်ပြထားသော ကျောင်းသား တစ်ဦးချင်းစီတိုင်း လုပ်ဆောင်ရမည့် Procedure များနှင့် သက်ဆိုင်သည့် Documents များအား မိမိ၏ ဆိုဒ် တွင် မြန်မာမှုပြု၍ အသေးစိတ်ဖော်ပြထားသလို သက်ဆိုင်သော Documents များအားလည်း Link များ ချိတ်၍ PDF ဖိုင်များဖြင့် ဖော်ပြထား၍ ။ သို့သော်လည်း လုပ်ဆောင်ရမည့် အချက်များဖြစ်သည့် Процедуры и нужные документы для аспирантов များကို ကျောင်းသားများအနေဖြင့် ကိုယ်တိုင် http://www.muctr.ru/acadc/soisc/procedure.php တွင် ရုရှားလို အသေးစိတ်သွားရောက် ဖတ်ရှုလေ့လာနိုင်ပါသည်။ မြန်မာလိုတော့ Procedure တစ်ခုချင်းစီအား စေတနာပါပါနဲ့ ရှင်းပြထားသလို ... မသက်ဆိုင်သူများလည်း လေ့လာ သွားနိုင်ပါသည်။ ပိုပြီးသိချင်တာများရှိရင်တော့ ကျွန်တော့် FB ဖြစ်သော https://www.facebook.com/naungyina တွင် ကျွန်တော်ရှိနေသော အခါ တိုက်ရိုက်မေးမြန်းနိုင်ပါသည်။
Процедуры и нужные документы для аспирантов
==============================================================================
Документы до предзащиты и защиты
=======================================================
Documents before pre-defense and defense
============================================================
အကြိုစာတမ်းနှင့်စာတမ်းဖတ်ပွဲမတိုင်မှီ လုပ်ဆောင်ရမည့် စာရွက်စာတမ်းများ
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
၁။ Философия ဘာသာရပ် ဖြေဆိုပြီးထားရန် လိုအပ်သည်။
_______________________________________________________________________________________
၂။ နိုင်ငံခြားဘာသာစကားတစ်ခု ဖြေဆိုပြီးထားရန် လိုအပ်သည်။ ကျောင်းအစီအစဉ်ဖြင့် ၎င်းတို့ ချပေးသော ဘာသာစကားမှာ Английский язык ဖြစ်သည်။
_______________________________________________________________________________________
၃။ အထက်ပါဖော်ပြပါ ဘာသာရပ် (၂) ခုကို စာမေးပွဲဖြေဆိုရန်နီးလာသောအခါ Отдел аспирантура တွင် Экзаменационный лист ကိုယူ၍ ဖြေဆိုရမည်ဖြစ်သည်။ Экзаменационный лист လိုရခြင်း အကြောင်းမှာ ဖြေဆိုခဲ့သော ရလဒ်အမှတ်များကို ၎င်း Экзаменационный лист တွင် ထည့်သွင်းမည်ဖြစ်ပြီး ၎င်း Экзаменационный лист ပါ အမှတ်စာရင်းရလဒ်အတိုင်း ဖြေဆိုပြီးသော ဘာသာရပ်များအား Протокол များလုပ်ထားရန် လိုအပ်သောကြောင့်ဖြစ်သည်။ ပြုလုပ်ပြီး ထားသော Протокол များကို IR ဌာနရှိ Секретарь ထံတွင်ပြန်လည် ပေးအပ်ထားရမည် ဖြစ်သည်။
_______________________________________________________________________________________
၎။ မိမိနှင့်သက်ဆိုင်သော Специальность ဘာသာရပ်ကို ဖြေဆိုပြီးထားရန် လိုအပ်သည်။ Специальность ဖြေဆိုရန်မှာ မိမိ၏ Научный руководитель အပေါ်တွင်မူတည်သည်။ မိမိ Научный руководитель အား မိမိ ဘယ်အချိန် Специальность ဖြေဆိုရမည်ကို ပြောဆိုကြည့်ပါ။ မိမိ Научный руководитель က ဖြေဆိုရန်အချိန်ကို ပြောလိမ့်မည်ဖြစ်၍ မိမိမှလည်း ဖြေရန်အသင့်ဖြစ်နေသောအခါတွင် အထက်ပါ နံပါတ် (၁) နှင့် (၂) တွင် ဖြေဆို ပြီးသော ဘာသာရပ်များကို Протокол လုပ်ထားသော စာရွက်များ နှင့် Экзаменационный лист ကို IR ဌာနရှိ Секретарь ထံတွင် ပြန်တောင်းပြီ Отдел аспирантура တွင်လည်း Специальность အတွက် Протокол စာရွက်ပုံစံတစ်ခုထပ်တောင်းလာပြီး မိမိဌာနတွင် မိမိနှင့် သက်ဆိုင်သော Специальность အားဖြေဆိုရမည်ဖြစ်သည်။ ဖြေဆိုပြီးသည်နှင့် ၎င်း Протокол အားလုံးကို IR ဌာနရှိ Секретарь ထံတွင်ပေးအပ်ထားရမည် ဖြစ်သည်။
_______________________________________________________________________________________
အထက်ပါ အချက်များသည် အကြိုစာတမ်းနှင့်စာတမ်းဖတ်ပွဲမတိုင်မှီ လုပ်ဆောင်ရမည့် စာရွက်စာတမ်းများနှင့်သက်ဆိုင်ရာ စာမေးပွဲများပင်ဖြစ်ပြီး ၎င်းတို့၏ Протокол ပုံစံများကို ဤနေရာကိုနှိပ်၍ သွားရောက်လေ့လာကြည့်နိုင်ပါသည်။
မှတ်ချက်နှင့်အကြံပေးချက်။ နောက်ဆုံး Специальность ဖြေဆိုပြီးသောအခါ Протокол များကိုမိမိမှ IR ဌာနရှိ Секретарь ထံပြန်မအပ်ခင် မိမိတွင် Scan ဖတ် သိမ်းထားနိုင်ကြောင်း မှတ်ချက်အနေဖြင့် အကြံပေးအပ်ပါသည်။