တူယှဉ်ကာလေ တစ်ကယ်ပဲ အစွမ်းပြချင်တယ် :)
အိန္ဒိယ မြန်မာအခြား
Showing posts with label ကိုယ့်အရေး ၊ ကိုယ့်အတွေး ၊ ကိုယ့်အမြင်. Show all posts
Showing posts with label ကိုယ့်အရေး ၊ ကိုယ့်အတွေး ၊ ကိုယ့်အမြင်. Show all posts

Jun 22, 2013

သင်နဲ့ကျွန်ုပ် စကားပြတ်မှ အိမ်သို့ ကိုယ်စီပြန်ကြမည်။



"အမြင်မတူတိုင်းသာ ကျွန်ုပ်တို့ ဆွေးနွေးမှုများကို ရပ်တန့်လိုက်မည်ဆိုလျှင် ရပ်တန့်ရန်အတွက် စတင်၍ ရှောင်ဖယ်ထွက်ခွာသော သင့်ထံတွင်သာ ကလေးဆန်သော အမူအယာများ ရှိနေမည်ဖြစ်သည်ဟု ကျွန်ုက မှတ်ချက်ချလိုက်ရပေသည်။ ကျွန်ုပ်တို့နေသော ဤလူ့လောကတွင် လောက၏ ပဋိပက္ခများ နှင့် အမြင်မတူမှုများကို အကောင်းဆုံးဖြေရှင်းနိုင်ရန် နည်းလမ်းတစ်ခုမှာ ... ဆွေးနွေးမှုမျာ; များများပြုလုပ်ခြင်းသာဖြစ်ပြီး .... တူညီသည်ဟု အများက လက်ခံသော အခြေအနေတစ်ခုထိကို ဆွေးနွေးမှုများ ပြုကို ပြုလုပ်သင့်သည်"

ကျွန်တော်တို့တွေ ပုံစံအမျိုးမျိုးနဲ့ Post တွေ ရေးတင်တဲ့အခါ မိုးမပြိုခင်က စိုးရိမ်နေတာနဲ့ တူတူဖြစ်နေတဲ့ post မျိုးတွေ Status တွေ ပါလာခဲ့ပြီဆိုရင် .. တစ်ယောက်နဲ့တစ်ယောက်ဟာ အမြင်ချင်း မတူနိုင်ကြတာမို့ ဝေဖန်ဆွေးနွေးမှုများ လုပ်ကြတဲ့အခါ တစ်ဖက်နဲ့တစ်ဖက် စောင်းတာ မြောင်းတာတွေဖြစ်ကုန်လာကြပါရော။ ..

တစ်ချို့  Post တွေ Status တွေကို သဘောမကျဘူး .. တင်တဲ့လူက တင်ပြီး လာရောက်ဆွေးနွေးသူကို တင်တဲ့သူက ရှောင်ထွက်နေတာတွေ၊ ကွန်းမန့်က တဟ်ဖက်သတ်ဖြစ်နေတာတွေပေါ့။ ....

တစ်ကယ်က အဲဒါ ဘယ်လောက်ထိပဲ စာတွေရေးတင်တင် ... တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ဆွေးနွေးမှုမှာ တစ်ယောက်ထဲကနေပဲ ဖြစ်သွားခဲ့ပြီဆိုရင် ဒါဟာ နည်းလမ်းမကျတော့ပါဘူး။ လူတစ်ယောက်စိတ်ဓါတ်ကို ဖော်ပြနေသလိုပဲ။

... တစ်ကယ်လို့သာ ... ကာယကံရှင်တစ်ယောက် ( မည်သူမဆို) ရေးတင်တဲ့ Post ကို အပြန်အလှန်ဆွေးနွေးမှုတစ်ခုလုပ်နေချိန်မှာ ကိုကလည်း ပြန်လည်ဆွေးနွေးပေးသင့်တယ် ... တစ်ခုပဲ .. ဆွေးနွေးတယ်ဆိုတာမှာ ရှိရင်းပြဿနာကို ပိုကြီးသွားအောင်လုပ်လိုက်ဖို့မဟုတ်သလို ဆွေးနွေးမှုကြောင့် အမြင်တွေ တစ်ယောက်နဲ့တစ်ယောက် မခံချင်စိတ်တွေကို မွေးဖွားပေးဖို့တော့ မဟုတ်ပါဘူး ..။

ဒါကြောင့် သေချာလေး သင့်မြတ်စွာဝေဖန် ပြောဆို ဆွေးနွေးကြပါ .. မာနလေးတွေနဲ့တော့ မလုပ်ကြပါနဲ့။

....... လူတိုင်းမှာ ကိုယ်စီတာဝန်ရှိပါတယ် .. အဲဒါဟာ အများနဲ့မသက်ဆိုင်စေအုံးတော့ ကိုယ်က ခံစားမိရင် ကိုယ့်တာဝန်ဆိုတာကြီးလိုကို သဘောပေါက်နားလည်မိသွားကြမှာပါ ... တစ်ကယ်ကို လူတိုင်းမှာကိုယ်စီတာဝန်တွေနဲ့ပါ။

ဥပမာ ... အင်ဂျင်နီယာတိုင်း .. စာရေးဆရာတိုင်း ဆရာဝန်တိုင်းဟာ ကိုယ်စီတာဝန်တွေနဲ့ပါ ... ကိုယ်ဖန်တီးလိုက်တဲ့ နည်းပညာတစ်ခု၊ ကိုယ်ရေးလိုက်တဲ့စာများ၊ ကိုယ်ကုသပေးတဲ့ ကုထုံးတစ်ခု ၊ ဒါတွေဟာ သူတို့လုပ်ကိုင်စားသောက်နေတဲ့ အသက်မွေးဝမ်းကြောင်းနဲ့ပတ်သတ်တဲ့ ကိုယ်စီတာဝန်တွေပါ။

အဲလို ဂရက်ကျုရိတ်တစ်ခုနဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုနဲ့ ရပ်တည်နေတဲ့လူတွေမှာတင် ကိုယ်စီတာဝန်တွေနဲ့လားဆိုတော့ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံထဲမှာ ရှိတဲ့ ပြည်သူတွေအားလုံးဟာ ကိုယ်စီတာဝန်တွေနဲ့ပါ။


တစ်ချို့ စာတွေ စည်းမဲ့ ကမ်းမဲ့ ရေးသားထားတာကို ခု ပြောနေတဲ့ ကျွန်တော်က သတိထားမိပါတယ် ... ခုလို ဆိုရှယ်နက်ဝပ်ခေတ်မှာ ကလိုဘယ်လိုက်ဇေးရှင်း ပြဿနာဟာ ထိန်းချုပ်ရခက်တာမို့ .. လူသားတွေနေတဲ့ ဒီကမ္ဘာကို အမှောင်ချထားလိုက်လို့လည်း မဖြစ်သေးပါဘူး။

ဒါကြောင့် လွတ်လပ်စွာ ဝေဖန်ပြောဆိုမှုတွေကနေဖြစ်လာခဲ့ပြီဆိုရင် အဲဒါတွေဟာ အစွန်းရောက် တွေးခေါ်ချက်တွေအဖြစ် ဆင့်ကဲ ဖြစ်သွားဖို့ မလိုအပ်တာကို ကျွန်တော် ပြောပါရစေ။

( မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ကောင်းတာလေးတွေနဲံ့ ဖြည့်တွေးပြီး တစ်ယောက်ကိုတစ်ယောက် .. နှလုံးသားတွေ စုစည်းကြပါလို့)
==================
မိုးထက်လုလင်

Feb 20, 2013

တစ်မျိုးသားလုံး၏ စိတ်ဓါတ်နှင့် အကျင့်စာရိတ္တ မြင့်မားရေး


“နိုင်ငံကြီးသားပီသပါ” ဆိုသည့် စကားလုံးကို ကျွန်တော်တို့တစ်တွေ အမြဲကြား နေရသည်။ ဘယ်လိုများ နိုင်ငံကြီးသား ပီသအောင် နေကြရမလဲဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံတွင်းမှာ နေထိုင်ကြသည့် နိုင်ငံသားအားလုံးမှာရှိတဲ့ စိတ်ဓါတ်နှင့်အကျင့်စရိုက်များကို အကောင်းဆုံး ပြုပြင်ဖို့လိုအပ်သည်ဟု ကျွန်တော်ထင်ပါသည်။ နိုင်ငံတိုင်းတွင် နိုင်ငံ့ ဂုဏ်သိက္ခာ ရှိပါသည်။ နိုင်ငံတော်၏ ဂုဏ်သိက္ခာ ဆိုသည်မှာလည်း ယင်းနိုင်ငံ အတွင်းနေထိုင်သော နိုင်ငံသား တစ်ဦးချင်းစီ၏ စိတ်ဓါတ်စည်းကမ်း နှင့် အကျင့်စာရိတ္တ သာလျှင် အရေးကြီးဆုံး ဖြစ်သည်ဟု ကျွန်တော်ကတော့ ထင်မြင်မိပါသည်။
စိတ်ဓါတ်ကောင်းမှ စည်းကမ်း ကောင်းလာမည်၊ စည်းကမ်းရှိနေပါမှ ကျွန်တော်တို့ တိုင်းပြည်ကြီး တိုးတက်လာမှာ ဖြစ်သလို ကျွန်တော်တို့နိုင်ငံသားများ လိုချင်သော ဒီမိုကရေစီ စနစ်ကြီးကို အပီအပြင် အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ စိတ်ဓါတ် ဆိုတာကို ပြောချင်ပါတယ်။ စိတ်ဓါတ်ဆိုရာ၌ ကြိုးစားမှု၊ စည်းကမ်းရှိမှု ၊ အပြောအဆို ၊အနေအထိုင် ၊ ယဉ်ကျေးမှု ၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှု အားလုံး အကျုံးဝင် ပါသည်။ ဒီလိုပါပဲ အကျင့်ဆိုသည်မှာလည်း ပါဠိအားဖြင့် သီလမည်၍ သီလဆိုသည်မှာ စောင့်ထိန်းခြင်း (၀ါ) ပြောသင့် ၊ ပြောထိုက်တာကို ပြောဆိုခြင်းမည်ပြီး ၊ စာရိတ္တကတော့ ပြုကျင့်အပ်သည်ကို ဖြည့်ဆည်းပြုကျင့်ခြင်း မည်သည်ဟု အဆိုများ ရှိခဲ့ပါသည်။ ဒါတွေက ကျွန်တော် မြင်ထား ၊သိထား သမျှတွေသာပင်ဖြစ်သည်။ တစ်ကယ့် တစ်ကယ်မှာလည်း တစ်မျိုးသားလုံး၏ စိတ်ဓါတ် နှင့် အကျင့်စာရိတ္တ မြင့်မားဖို့ အရေး အတွက် ကျွန်တော်တို့က ဒီအချက်တွေကို အခြေံခံ၍ တင်ပြမှသာလျှင် အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ “ အမျိုးသား ပညာရေးအစ စာသင်ကျောင်း” က ဟု ဆိုရိုးရှိခဲ့ သည့်အတိုင်း ယနေ့ခေတ် မြန်မာနိုင်ငံတွင် မသင်မနေရ အခမဲ့ မူလတန်းကျောင်း ပညာရေးများကို အစိုးရ နှင့် အစိုးရ မဟုတ်သော အခြားအဖွဲ့အစည်းတို့၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ အောက်တွင် ကျွန်တော်တို့နိုင်ငံက ကလေးများ မဖြစ်မနေ သင်ကြားဖို့ လိုအပ်ပါသည်။ ပညာသင်ကြားခြင်းကနေပဲ ကျွန်တော်တို့ အသိတွေ ၊ စိတ်တွေ၊ အကျင့်တွေ ၊ စာရိတ္တတွေကို တန်ဖိုးရှိရှိ မြင့်သထက်မြင့်အောင် ၊ ပိုကောင်း သထက်ကောင်းအောင် ပြုပြင်ယူရမှာပါ။ ပညာဆို သည်မှာလည်း ပါဠိက တိုက်ရိုက် ဆင်းသက်ခြင်းဖြစ်ပြီး သီတဂူ ဆရာတော် ဘုရားကြီး ၏ ဟောပြောချက်အရ “ပ” ဆိုသည်မှာ Detail (အသေးစိတ် အချက်အလက် (၀ါ) အသေး စိတ်ခြင်း) မည်၍ “ညာ” ဆိုသည်မှာ Understanding အသိအမြင် ၊သိခြင်း (၀ါ) နားလည်ခြင်း၊တတ်ခြင်း မည်၍ “ပညာ” ဆိုသည်မှာ “အသေးစိတ် သိရှိအောင် လုပ်ဆောင် ခြင်း” ဖြစ်သည်ဟု ဆိုပါသည်။ ကျွန်တော်တို့တွေ အသိတွေကြွယ်၊ အမြင်တွေဖလှယ် နေမှသာလျှင် ကျွန်တော်တို့၏ စိတ်နေသဘောထားများ၊ အကျင့်များကို အကောင်းဆုံး ဖြစ်အောင် ပြုပြင်နိုင်မည်ဖြစ်သည်။ နောက်ထပ် လုပ်ဆောင်ရမှာ တစ်ချက်လည်း ရှိပါသေးသည် အဲဒါကတော့ “ စာဖတ်ခြင်း” ပဲဖြစ်ပါသည်။ တိုးတက်နေသည့် နိုင်ငံများတွင် စာဖတ်ခြင်း အလုပ်သည် အချိန်တစ်ခု ထုတ်၍ သတ်သတ်ကို လေ့လာလိုက်စားနေသော အလုပ်တစ်ခုဟူ၍ပင် ကျွန်တော့် အနေနှင့်သိမြင်နားလည်ထား၍ စာဖတ်ကြရန် ကျွန်တော်က တိုက်တွန်းရခြင်း ဖြစ်လေ သည်။ စာဖတ်ခြင်းမှ အသိတွေရရှိလာနိုင်သည်၊ ဆင်ခြင်စရာများကို တွေ့လာနိုင်သည်၊ အတုယူဖွယ်ကောင်းသော အရာများကို ရရှိနိုင်ပါသည်။ တစ်နည်းအားဖြင့် စာဖတ်ခြင်း သည် မိမိစိတ်ကို အလှတန်ဆာဆင်ခြင်းမည်ပါသည်။ မိမိစိတ်က လှနေမှတော့ အကျင့်တွေ ကောင်းလာမည် ၊ စည်းကမ်းရှိမှုကို ရိုသေတတ်လာမည် ဖြစ်သည်။ ဒါကြောင့် စာဖတ်ခြင်း အလုပ်အားလည်း မိမိနိုင်ငံအတွင်းရှိသော နိုင်ငံသားများ စိတ်ဓါတ် နှင့် အကျင့်၊စာရိတ္တ ကောင်းမွန်ရေးအတွက် အချိန်လုပေးကြဖို့ လိုအပ်ပါသည်။ ဒီကနေ့ခေတ်တွင်လည်း တာဝန်ရှိသူ အစိုးရအဖွဲ့အစည်းများနှင့် လူမှုရေး အသင်းအဖွဲ့  များမှလည်း လက်လှမ်းမှီ သော ကျေးရွာ၊ တိုက်နယ်များထိ စာကြည့်တိုက်များ ဖွင့်လှစ် ပေးလျှက်ရှိနေသောကြောင့် မိမိတို့ဘက်မှ အချိန်ပိုကို ထုတ်နိုင်မည်ဆိုပါက စာကို ဖတ်နိုင်သမျှဖတ်ပြီး လေ့လာနိုင်သမျှ လေ့လာနိုင်ပါမှပင် ကျွန်တော်တို့တစ်မျိုးသားလုံး၏ စိတ်ဓါတ်နှင့်အကျင့်စာရိတ္တများလည်း ကောင်းသည်ထက် ပိုကောင်းလာပါမည်။
အချုပ်ဆိုရသော် … ကျွန်တော်တို့လူမျိုးများသည် ဗုဒ္ဓဘာသာအခြေခံ၍ ၊ဗုဒ္ဓ၏ တရားတော်များခံယူဆုံးမမှုအောက်တွင် ရှိနေကြသည်နှင့်အညီ နိုင်ငံရှိ ကျွန်တော်တို့ နိုင်ငံသား များ၏ တစ်ဦးချင်း၊တစ်ယောက်ချင်းတွင်ရှိသည့် စိတ်နေသဘောထားများ၊ အကျင့်စရိုက်များကို အကောင်းဆုံးဖြစ်အောင်၊ မြင့်မားလာအောင် စွမ်းဆောင်ရာ၌ ပညာကို လေ့လာလိုက်စားခြင်း ၊ စာဖတ်ခြင်းများ နှင့် အတူ အခြားသော မိမိတို့ ပတ်ဝန်းကျင်နှင့် ဆက်နွယ်နေသည့် မျက်စိအောက်မှ ကိုယ်တိုင်မြင်သော အသိတရား ၊ အတတ်တရား များကို သင်ခန်းစာယူ ဆင်ခြင်နိုင်ရင်း လူယဉ်ကျေးများဖြစ်ပြီး ၊ နိုင်ငံကြီးသားပီသစွာ ကမ္ဘာ့အလည်တွင် ထည်ဝါစွာရပ်တည်ဖို့အတွက် ကျွန်တော်တို့ တစ်မျိုးသားလုံး၏ စိတ်ဓါတ် နှင့် အကျင့်စာရိတ္တများကို ကောင်းသည်ထက် ပိုကောင်းအောင်၊ မြင့်သည်ထက်မြင့်အောင် ကြိုးစားအားထုတ်ကြပါလို့ တိုက်တွန်းနိုးဆော်ရင်း နိဂုံးချုပ်အပ် ပါသည်ဗျာ။
====================
မိုးထက်လုလင်

သမိုင်းနဲ့အဟောင်း


သမိုင်းဆိုတာကတော့ အတိတ်အနေနဲ့ ဖြစ်ပြီး ၊ ပျက်ပြီးသား ကျန်ခဲ့တဲ့ မှတ်တမ်း တွေပေါ့။ အဲဒါတွေက ဒီနေ့ခေတ်မှာ မရှိတော့တဲ့အရာတွေပါ။ ဒါပေမယ့် သူတို့ဟာ မှတ်တမ်းအနေနဲ့ ကျန်ခဲ့တယ်ဆို သူတို့ကို ဒီနေ့ခေတ် လူတွေက လိုအပ်လို့ ထုတ်သုံးမယ်ဆိုရင်လည်း ရတယ်ပေါ့။ သမိုင်းက ကျွန်တော်တို့ကို လူတွေအကြောင်း ကို ပြောစေတယ် ၊ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ နေရာဒေသတွေကို ညွန်ပြပြောဆိုတယ် ၊ အဲ့ဒီအချက်တွေကလည်း နှစ်ကာလအလိုက်ဖြစ်ပျက်ခဲ့ကြတဲ့ မှတ်တမ်းဝင်တဲ့သမိုင်း တွေပေါ့။
အဲဒီမှတ်တမ်းဝင်သမိုင်းတွေက ကျွန်တော်တို့ရဲ ဘိုးဘေးဘီဘင်တွေ ဖြစ်ပျက် ခဲ့ကြတဲ့ သူတို့တစ်တွေရဲ့  ဘ၀လူနေမှု ပုံစံတွေ၊ သူတို့တစ်တွေရဲ့  ကျူးကျော်မှုတွေ၊ သူတို့တစ်တွေရဲ့  ရိုးရာ၊ ယဉ်ကျေးမှု နဲ့ ယုံကြည်ကိုးကွယ်မှုတွေ၊ လူမှုရေးကိစ္စရပ်တွေ၊ နိုင်ငံရေးကိစ္စရပ်တွေ အစရှိတာတွေပေါ့ဗျာ။ ... သူတို့တွေခေတ်တုန်းက သူတို့တွေ လုပ်နိုင်သလောက် ပြင်းပြစွာ လုပ်နိုင်ခဲ့တာတွေပေါ့ ။ အဲဒီကိစ္စ အချက်အလက်တွေ အားလုံးကလည်း မှတ်တမ်းအဖြစ် ကျန်ရစ်ခဲ့ကြလို့ ... ဒါကို ကျွန်တော်တို့ သမိုင်းလို့ ပြောလို့ရပါတယ်။
အဲ ... အဟောင်းကျတော့ .. အဲ့ဒီသမိုင်းထဲမှာ မပါတဲ့ဟာတွေလို့ ပြောလို့ ရပါတယ်။ ... သူဟာ ပစ္စည်းတစ်ခုလိုပဲ စထွင်တဲ့အချိန်မှာ အသစ်ပါပဲ။ အချိန် ကာလကြာမြင့်ရင် သစ်ရာကနေ ဟောင်းလာမယ် … ဒါပေမယ့်လည်း အဲဒီ အဟောင်း ကို လိုအပ်လို့ အစားထိုးသုံးစွဲမယ်ဆိုရင်တောင် သိပ်မကြာခင်ကာလမှာပဲ လုံးဝကို သုံးစားလို့မရတဲ့ အဟောင်းထက်ဆိုးတဲ့ အခြေအနေကိုရောက်သွားမယ်လေ။
ဒီတော့ သမိုင်းဆိုတာ နဲ့ အဟောင်းဆိုတာကို မှတ်တမ်းဝင်တာ နဲ့ မှတ်တမ်း မ၀င်တာ ဆိုပြီး ခွဲခြားမြင်ပေါ့နော်။
ခု ကျွန်တော်ရေးတင်တဲ့ အဖြစ်အပျက်မှာ တစ်ချို့  သောနိုင်ငံရေး သမားတွေက မှတ်တမ်းမ၀င်တဲ့ သမိုင်းလိုဟာမျိုးကို ပြောပြီး ပြန်ပြန်လှန်ရင်းနဲ့ပဲ သူတို့တွေကိုယ်တိုင် အတိုက်အခံ ဖြစ်သွားကြတာပဲလေ။
အတိုက်အခံရှိမှ နိုင်ငံတိုးတက်မှန်း ကျွန်တော်တို့ လက်ခံထားတယ်ဆိုရင် ... ကျွန်တော်ပြောတဲ့ အတိုက်အခံနိုင်ငံရေးသမားဆိုတာ ဘာလုပ်လုပ် အကောင်းမြင် မျက်စိမွဲရှာတဲ့ လူတွေကိုပြောတာပါ … :)
==================================
မိုးထက်လုလင်

Feb 18, 2013

“မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး”


အင်တာနက်ကို ငွေကြေးတတ်နိုင်လျှင် အလိုရှိသလို သုံးနိုင်သော ယနေ့ခတ်တွင် သတင်း Website များကို Google webpage စာမျက်နှာတွင် ရိုက်ရှာရုံဖြင့် ကမ္ဘာအရပ်ရပ် တွင် ဖြစ်ပွားနေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ၊ စစ်ရေး ၊ ဘာသာရေး များကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ပါသည်။
ပြည်ပ ဒေါ်လာစား Media များဖြစ်သည့် BBC ၊ VOA ၊RFA နှင့် DVB အစရှိသော မီဒီယာများကလည်း ကျွန်တော်တို့နိုင်ငံ နှင့် ပတ်သတ်သည့် သတင်းဆိုလျှင် ရသည့် သတင်းကို Webpage များပေါ်သို့တင်ပြီး အမျိုးအမျိုးလွှင့်ကာ ထုတ်ပြန်ပေးနေကြသည် ဖြစ်ရာ ကျွန်တော်တို့ မြန်မာပြည်သူအချို့ ကလည်း ထိုထိုသော မီဒီယာများကို ယုံကြည် ကိုးစား ကြသည်ထင်သည် အစိုးရထုတ် သတင်းစာများဖြစ်သည့် မြန်မာ့အလင်း ၊ ကြေးမုံ အစ ရှိသော သတင်းစာများ နှင့် စတုတ္ထမဏ္ဏိုင်ဟုခေါ်တွင်လျှက်ရှိသော ပြည်တွင်းမီဒီယာ ဂျာနယ်များမှ ဖော်ပြသည့် သတင်းများသည် အရေးမပါအရာမရောက်၊ အမှန်မဟုတ်ဟု ယူဆကြကုန်သလား ကျွန်တော်မသိပေ။ ကျွန်တော်ဖတ်ဖူးသော အကောင်းမြင် Webpage စာမျက်နှာ တစ်ခုတွင် “သတင်းထက် အတင်းကိုဦးစားပေးသော Media တစ်ချို့ ၏ လက်ချက်ကြောင့် ကျွန်တော်တို့ လူငယ်များကြားတွင် အမြင်တွေကွဲလွဲ သွားမည်ကို စိုးရိမ်ရ ပါသည်” ဟူသော စာသားကို ကျွန်တော်သေချာခံစား နားလည် ကြည့်မိသည်။
ဟုတ်ပါသည်။ နိုင်ငံထုတ် သတင်းစာများတွင် နေ့စဉ်နှင့်အမျှဖော်ပြလျှက်ရှိသော “ စစ်မှန်သော မျိုးချစ်စိတ်” ခေါင်းစဉ်အောက်မှ အချက် (၂) ချက်ဖြစ်သည့် “ ပြည်ထောင်စု၏ မည်သည့်နေရာဒေသတွင် နေထိုင်သည်ဖြစ်စေ ခိုင်မြဲသည့် ပြည်ထောင်စုစိတ်ဓါတ် ထားရှိ မွေးမြူသွားကြရန် အလွန်အရေးကြီးသည်” နှင့် ဒုတိယအချက်ကတော့ “ ပြည်ထောင်စု စိတ်ဓါတ်သာလျှင် တိုင်းရင်းသားအားလုံး ထာဝစဉ်ထိန်းသိမ်း စောင့်ရှောက်သွားရမည့် စစ် မှန်သော မျိုးချစ်စိတ်ဓါတ်ဖြစ်သည်” ဟူသော အချက် (၂) ချက်ကို ပြည်တွင်း နှင့် ပြည်ပ နိုင်ငံများသို့ အကြောင်းအမျိုးအမျိုးကြောင့် ရောက်ရှိနေသော ကျွန်တော်တို့နိုင်ငံသားများ သေချာခံစားနားလည်ပေးဖို့ လိုအပ်သည်ဟု ကျွန်တော်ထင်မြင်မိပါသည်။
ကျွန်တော်တို့ နိုင်ငံအား ဖွံ့ဖြိုးဆဲ ကာလတွင် ကျွန်တော်တို့ လူငယ်များ တွဲလက်တွေ ခိုင်ခိုင်မြဲ စေချင်ပါသည်။ ပြည်ပရောက် ပြည်ပြေး တစ်ချို့ ၏ ရန်တိုက်၊ သွေးထိုးပေး နေသော ခလောက်ဆန် ၊အကောက်ကြံ ၊လေးလှိုင်းသံ Media တို့၏ သွေးဆောင် ဖြားယောင်မှု အောက်တွင် စိတ်ဝမ်းကွဲပြားမှုများ မဖြစ်ပေါ်စေချင်တာအမှန်ပင်။ “ယနေ့ လူငယ် နောင်ဝယ် လူကြီး” ဟု ဆိုရိုးရှိခဲ့ သည့်အတိုင်း ဒီကနေ့ လူငယ်များသည် ကျွန်တော် တို့ နိုင်ငံ၏တာဝန်ကို လက်ဆင့်ကမ်း ဆက်လက်ထမ်းဆောင်ကြမည့် အနာဂတ် မျိုးဆက် သစ်များ ဖြစ်ကြသည့် အားလျှော်စွာ မိမိနိုင်ငံအပေါ်တွင် ထားရှိသော မျိုးချစ်စိတ် အား ရှင်သန်ထက်မြက်နေစေရန် တာဝန်ရှိသူတို့က ယနေ့လူငယ်များကို အမြဲ တွန်းအားပေး လှုံ့  ဆော်ပေးဖို့ လိုအပ်သည်ဟု ကျွန်တော် မြင်ပါသည်။ တနည်းအားဖြင့် ကြီးကျယ်ခမ်းနားစွာ ပြောဆိုရသော် ကျွန်တော်တို့တိုင်းပြည်၏ အနာဂတ်ကို ကျွန်တော်တို့က စိတ်ချသည် ဖြစ်စေ၊ မချသည်ဖြစ်စေ ယနေ့လူငယ်များ၏ လက်သို့ လွှဲပြောင်း ပေးအပ်ခဲ့ရမည် မဟုတ်ပါ လော။
သမိုင်းချီ၍ ပြောရသော် ကျွန်တော်တို့နိုင်ငံသည် အင်္ဂလိပ်နယ်ချဲ့ အောက် နှစ်တစ်ရာ ရောက်ခဲ့၍ ကျွန်ဖြစ်ခဲ့ဘူးပြီဖြစ်သည်။ ကျွန်ဖြစ်သည်ဆိုခြင်းမှာ မတူသော တစ်ခြားလူမျိုး တစ်စုက အခြားမတူသော လူမျိုးတစ်စုကို ဗိုလ်ကျစိုးမိုး အနိုင်ယူ၍ ၎င်းတို့၏ လက်အောက် ခံ အဖြစ် အလုပ်အကျွေးပြုစေခိုင်းခြင်းဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။ မိမိနိုင်ငံအား မိမိလူမျိုး အုပ်ချုပ်၍ မိမိတို့မြေ၀ယ် နေထိုင်သော မိမိတို့လူမျိုး ကောင်းစားဖို့အတွက် အမျိုးချစ်သောသူတို့က ရယူပေးခဲ့သော လွတ်လပ်ရေးကို ကျွန်တော်တို့ခေတ်တွင် ဘယ်လို နည်းနဲ့မှ ထပ်ပြီး အဆုံးရှုံးမခံနိုင်ပါ။ ကျွန်တော်တို့နိုင်ငံအား နိုင်ငံတကာ အလည်တွင် မညိုးနွမ်းအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းမှာလည်း ကျွန်တော်တို့ နိုင်ငံသားတိုင်း၏ သွေးစည်းညီညွတ်သော စစ်မှန်သည့် အမျိုးချစ်စိတ် ကသာလျှင် အရေးကြီးဆုံးပင် ဖြစ်သလို နိုင်ငံတိုင်းတွင်လည်း နိုင်ငံ့ဂုဏ်သိက္ခာဆိုတာ ရှိပါသည်။ နိုင်ငံတော်၏ ဂုဏ်သိက္ခာ ဆိုသည်မှာလည်း နိုင်ငံအတွင်းနေထိုင်သော နိုင်ငံသားတစ်ဦးချင်းစီ၏ စိတ်ဓါတ် ၊ စည်းကမ်းများ နှင့် ၎င်းတို့ထိန်းသိမ်းထားနိုင်သော ယဉ်ကျေးမှု အမွေအနှစ် များသည်ကသာလျှင် အရေးကြီးဆုံးဖြစ်သည်ဟု ကျွန်တော်ကတော့ ထင်မြင်မိ ပါသည်။
ကျွန်တော်က အစိုးရ၀န်ထမ်းတစ်ယောက်ပါ။ နိုင်ငံတော်၏ လိုအပ်ချက်အရ အခြားနိုင်ငံသို့ ပညာတော်သင်စေလွှတ်ခြင်းခံရသည့်အတွက်လည်း ကျွန်တော့်ကိုယ် ကျွန်တော်ဂုဏ်ယူမိသည်။ ကျွန်တော့်ကြိုးစားမှု၊နိုင်ငံတော်၏ထောက်ပံ့မှုဖြင့် ဒီနိုင်ငံသို့ ကျွန်တော်ရောက်လာရသည်။ ထို့အတွက် နိုင်ငံတော်၏ ကျေးဇူးက ကြီးမားလှပေ တော့သည်။ အစိုးရ၀န်ထမ်းဖြစ်သည့် ကျွန်တော်သည် နိုင်ငံရေးကို စိတ်ဝင်စားခြင်းလည်း မရှိသလို နိုင်ငံရေး ကျောင်းဆင်းသမား တစ်ယောက်လည်း မဟုတ်ပါ။ သို့သော် မိမိနိုင်ငံ တွင်း နှင့် နိုင်ငံတကာတို့၏ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ဖြစ်နေသော သတင်းများ ကိုတော့ အစိုးရ၀န်ထမ်းဖြစ်သည့် အားလျှော်စွာ သိသင့်သိထိုက်တာများကိုတော့ လေ့လာမိပါသည်။ တစ်ခုပဲ … ကျွန်တော်တို့သည် ပုထုစဉ်လူသားများ ဖြစ်ကြသည်။ အမှားအမှန်ကို တွေးခေါ်နိုင်သည့် ဦးနှောက် များလည်းရှိကြပေသည်။ ဒီတော့က … အများယောင်၍ လိုက်ယောင်မည့်အစား မိမိကိုယ်ပိုင် အသိညဏ်ဖြင့် သတိရှိရှိ တွေးခေါ် စဉ်းစားပြီးမှ အရာရာကို ချင့်ချိန်သုံးသပ်တတ်ရန် လိုအပ်ပေသည်။
ကျွန်တော့်ရင်ထဲမှာရှိပြီး နားလည်ထားသည့် မျိုးချစ်စိတ်ဆိုတာကတော့ ကျွန်တော် အထက်က ဖော်ပြသွားသည့် “စစ်မှန်သော မျိုးချစ်စိတ်” ခေါင်းစဉ် အောက်မှ စာကြောင်း (၂) ကြောင်း ပါပဲ။ ဟုတ်ပါတယ်ဗျာ… အပေါ်ယံအသိလေး လောက်နဲ့ တိုင်းပြည်ကိုချစ်ရမှာ ၊ အမျိုးကိုချစ်ရမှာ မျိုးထက်စာရင် ပေါင်းစည်းထားတဲ့ ပြည်ထောင်စု စိတ်ဓါတ်ကသာလျှင် မျိုးချစ်စိတ်ကို ပိုမိုပြီး လေးနက်ပီပြင်စေတာပါ။ ကျွန်တော်ကိုယ်တိုင်အတွက်ကတော့ အစိုးရ၀န်ထမ်းလည်း ဖြစ်သလို ၊နိုင်ငံတော် ကာကွယ်ရေးဘက်ပိုင်းကလည်း ဖြစ်နေတာ ရယ်ကြောင့် ဒီ (၂)ချက်က သူများတွေ ခံစားနားလည်တာထက် ပိုပြီးခံစား နားလည် ယုံကြည်သင့်သည် မဟုတ်ပါလားဗျာ။

==========================
မိုးထက်လုလင်

MUCTR တက္ကသိုလ်ရှိ ကျာင်းသားများအတွက်

ရုရှားနိုင်ငံ၊ မော်စကိုမြို့ တော်ရှိ Mendeleyev University Of Chemical Technology Of Russia (MUCTR ) တက္ကသိုလ်မှ မြန်မာကျောင်းသား ညီငယ် Ph.D သင်တန်းသားများအတွက် Ph.D course တွင် ၎င်း (MUCTR) ကျောင်း Website တွင်ဖော်ပြထားသော ကျောင်းသား တစ်ဦးချင်းစီတိုင်း လုပ်ဆောင်ရမည့် Procedure များနှင့် သက်ဆိုင်သည့် Documents များအား မိမိ၏ ဆိုဒ် တွင် မြန်မာမှုပြု၍ အသေးစိတ်ဖော်ပြထားသလို သက်ဆိုင်သော Documents များအားလည်း Link များ ချိတ်၍ PDF ဖိုင်များဖြင့် ဖော်ပြထား၍ ။ သို့သော်လည်း လုပ်ဆောင်ရမည့် အချက်များဖြစ်သည့် Процедуры и нужные документы для аспирантов များကို ကျောင်းသားများအနေဖြင့် ကိုယ်တိုင် http://www.muctr.ru/acadc/soisc/procedure.php တွင် ရုရှားလို အသေးစိတ်သွားရောက် ဖတ်ရှုလေ့လာနိုင်ပါသည်။ မြန်မာလိုတော့ Procedure တစ်ခုချင်းစီအား စေတနာပါပါနဲ့ ရှင်းပြထားသလို ... မသက်ဆိုင်သူများလည်း လေ့လာ သွားနိုင်ပါသည်။ ပိုပြီးသိချင်တာများရှိရင်တော့ ကျွန်တော့် FB ဖြစ်သော https://www.facebook.com/naungyina တွင် ကျွန်တော်ရှိနေသော အခါ တိုက်ရိုက်မေးမြန်းနိုင်ပါသည်။
Процедуры и нужные документы для аспирантов
==============================================================================
Документы до предзащиты и защиты
=======================================================
Documents before pre-defense and defense
============================================================
အကြိုစာတမ်းနှင့်စာတမ်းဖတ်ပွဲမတိုင်မှီ လုပ်ဆောင်ရမည့် စာရွက်စာတမ်းများ
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
၁။ Философия ဘာသာရပ် ဖြေဆိုပြီးထားရန် လိုအပ်သည်။
_______________________________________________________________________________________
၂။ နိုင်ငံခြားဘာသာစကားတစ်ခု ဖြေဆိုပြီးထားရန် လိုအပ်သည်။ ကျောင်းအစီအစဉ်ဖြင့် ၎င်းတို့ ချပေးသော ဘာသာစကားမှာ Английский язык ဖြစ်သည်။
_______________________________________________________________________________________
၃။ အထက်ပါဖော်ပြပါ ဘာသာရပ် (၂) ခုကို စာမေးပွဲဖြေဆိုရန်နီးလာသောအခါ Отдел аспирантура တွင် Экзаменационный лист ကိုယူ၍ ဖြေဆိုရမည်ဖြစ်သည်။ Экзаменационный лист လိုရခြင်း အကြောင်းမှာ ဖြေဆိုခဲ့သော ရလဒ်အမှတ်များကို ၎င်း Экзаменационный лист တွင် ထည့်သွင်းမည်ဖြစ်ပြီး ၎င်း Экзаменационный лист ပါ အမှတ်စာရင်းရလဒ်အတိုင်း ဖြေဆိုပြီးသော ဘာသာရပ်များအား Протокол များလုပ်ထားရန် လိုအပ်သောကြောင့်ဖြစ်သည်။ ပြုလုပ်ပြီး ထားသော Протокол များကို IR ဌာနရှိ Секретарь ထံတွင်ပြန်လည် ပေးအပ်ထားရမည် ဖြစ်သည်။
_______________________________________________________________________________________
၎။ မိမိနှင့်သက်ဆိုင်သော Специальность ဘာသာရပ်ကို ဖြေဆိုပြီးထားရန် လိုအပ်သည်။ Специальность ဖြေဆိုရန်မှာ မိမိ၏ Научный руководитель အပေါ်တွင်မူတည်သည်။ မိမိ Научный руководитель အား မိမိ ဘယ်အချိန် Специальность ဖြေဆိုရမည်ကို ပြောဆိုကြည့်ပါ။ မိမိ Научный руководитель က ဖြေဆိုရန်အချိန်ကို ပြောလိမ့်မည်ဖြစ်၍ မိမိမှလည်း ဖြေရန်အသင့်ဖြစ်နေသောအခါတွင် အထက်ပါ နံပါတ် (၁) နှင့် (၂) တွင် ဖြေဆို ပြီးသော ဘာသာရပ်များကို Протокол လုပ်ထားသော စာရွက်များ နှင့် Экзаменационный лист ကို IR ဌာနရှိ Секретарь ထံတွင် ပြန်တောင်းပြီ Отдел аспирантура တွင်လည်း Специальность အတွက် Протокол စာရွက်ပုံစံတစ်ခုထပ်တောင်းလာပြီး မိမိဌာနတွင် မိမိနှင့် သက်ဆိုင်သော Специальность အားဖြေဆိုရမည်ဖြစ်သည်။ ဖြေဆိုပြီးသည်နှင့် ၎င်း Протокол အားလုံးကို IR ဌာနရှိ Секретарь ထံတွင်ပေးအပ်ထားရမည် ဖြစ်သည်။
_______________________________________________________________________________________
အထက်ပါ အချက်များသည် အကြိုစာတမ်းနှင့်စာတမ်းဖတ်ပွဲမတိုင်မှီ လုပ်ဆောင်ရမည့် စာရွက်စာတမ်းများနှင့်သက်ဆိုင်ရာ စာမေးပွဲများပင်ဖြစ်ပြီး ၎င်းတို့၏ Протокол ပုံစံများကို ဤနေရာကိုနှိပ်၍ သွားရောက်လေ့လာကြည့်နိုင်ပါသည်။
မှတ်ချက်နှင့်အကြံပေးချက်။ နောက်ဆုံး Специальность ဖြေဆိုပြီးသောအခါ Протокол များကိုမိမိမှ IR ဌာနရှိ Секретарь ထံပြန်မအပ်ခင် မိမိတွင် Scan ဖတ် သိမ်းထားနိုင်ကြောင်း မှတ်ချက်အနေဖြင့် အကြံပေးအပ်ပါသည်။