ဘုရားသခင်သည် စကြာဝဠာ တစ်ခုလုံးအား ဖန်ဆင်းခဲ့သူ မဟုတ်ကြောင်း စတီဖင်ဟော့ကင်းက အခိုင်အမာ ပြောကြားလိုက်သည်။ ဘာသာရေး အယူအဆများကို ဆန့်ကျင်သည့် အဆိုအား ဗြိတိန်၏ အကျော်ကြားဆုံး သိပ္ပံပညာရှင်ကြီးက၎င်း၏ ရောင်းအားအကောင်းဆုံး စာရင်းဝင်The Grand Design စာအုပ်တွင် ရေးသားဖော်ပြခဲ့သည်။
ဟော့ကင်းက ခေတ်သစ်ရူပဗေဒတွင် ဖန်ဆင်းရှင်ဆိုသော ဝေါဟာရအတွက် နေရာ မရှိဟု ဝေဖန်သုံးသပ်ထားသည်။ မိမိတို့ အသက်ရှင် ရပ်တည်နေခြင်း၊ စကြာဝဠာကြီး တည်ရှိနေခြင်းသည် အလိုအလျောက် ပေါ်ပေါက်လာသည်ဆိုသော ကိစ္စသာ မှန်ကန်သော အကြောင်းရင်းဖြစ်ကြောင်း ဟော့ကင်းက ပြောကြားထားသည်။ ယင်းစာအုပ်ကို အမေရိကန် ရူပဗေဒ ပညာရှင် လီယိုနက်မိုလိုဒီနိုက ပူးပေါင်းကူညီ ရေးသားခဲ့သည်။
အသက် ၆၈ နှစ်ရှိ ဟော့ကင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း ရှိမရှိဆိုသော အချက်အား အမြဲတမ်း ရှောင်လွှဲဖြေဆိုလေ့ ရှိသော်လည်း ယခုဖော်ပြချက်က ဘာသာရေးအရ တိုက်ခိုက်မှုတစ်ခုဟု ယူဆဖွယ်ရာ ဖြစ်လာသည်။
၎င်းက ၁၉၉၂ ခုနှစ်က ထုတ်ဝေခဲ့သည့် စာအုပ်တွင် ဖော်ပြထားသော နေတစ်ခုကို ဂြိုလ်များက လှည့်ပတ်မှု သီအိုရီကို ကိုးကားပြီး အကြောင်းတိုက်ဆိုင်သဖြင့် မိမိတို့သည် နေအဖွဲ့အစည်းရှိ ကမ္ဘာဂြိုလ်တွင် ရှင်သန်နေခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။ ခရစ်ယာန် သိပ္ပံပညာရှင်များက ပရော်ဖက်ဆာ ဟော့ကင်းသည်
ဘုရားသခင်အပေါ် အမြင်တွင် လွဲချော်မှုများ ရှိနေကြောင်း ဝေဖန်ခဲ့ကြသည်။ Society for Ordained Science မှ ခရစ်ယာန်ပညာရှင် ဂက်ဘာဘားက
ဘုရားသခင်၏ ဖန်တီးမှုနှင့် သိပ္ပံပညာ၏ ဖန်တီးမှုဥပဒေတွင် ကွာဟချက် ရှိသည်ဟု မိမိမယုံကြည်ကြောင်း၊ သိပ္ပံပညာ၏ ဥပဒေသသည် ဘုရားသခင်၏ ဖန်ဆင်းမှု ဥပဒေနှင့် ထပ်တူကျကြောင်း တုန့်ပြန်ခဲ့သည်။
ယခင်အချိန်များကမူ စကြာဝဠာကြီးကို ဖန်တီးရာတွင် ဘုရားသခင်၏ အခန်းကဏ္ဍကို ဟော့ကင်းက လက်ခံခဲ့ပုံရသည်။ ၁၉၈၈ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ကမ္ဘာကျော်၊ အရောင်းရဆုံးစာအုပ်ဖြစ်သည့် A brief history of time “အချိန်၏ သမိုင်း အကျဉ်းချုပ်” တွင် ယခုကဲ့သို့ ပြောဆိုခဲ့သည်။ “ပြီးပြည့်စုံတဲ့ သီအိုရီတစ်ခုခုကို သာ ကျွန်တော်တို့ ရှာဖွေတွေ့ရှိမယ်ဆိုရင်တာ့ လူသားရဲ့ ကျိုးကြောင်းဆင်ခြင်တုံတရားအတွက် အမြင့်မားဆုံး အောင်ပွဲဖြစ်မှာပါ။ အဲဒီအခါမှာတော့ ဘုရားသခင်ရဲ့ စိတ်နှလုံးသားကို ကျွန်တော်တို့ သိခွင့်ရကြလိမ့်မယ်။”
နိုင်ငံတကာ သိပ္ပံနှင့် ဘာသာရေး အဖွဲ့မှ ပရော်ဖက်ဆာ ဂျော့အီးလစ်ကမူ သုတေသီ တစ်ဦးအတွက် အခက်ခဲဆုံး အခြေအနေမှာ ပညာရပ်ပိုင်းနှင့် ဘာသာရေးတို့ကြား အထိအပါးမရှိဘဲ မိမိ၏ တွေ့ရှိချက်ကို တင်ပြရန်ဖြစ်ကြောင်း၊ မိမိအနေနှင့် ဘာသာရေးဖက်မှ ရပ်တည်ပါက သိပ္ပံပညာရပ်၏ အချို့သော အချက်အလက်များကို မျက်ကွက်ပြုလက်လွှတ်ရန်သာရှိကြောင်း ပြောဆိုသွားသည်။
သိပ္ပံပညာရှင် အိုင်းဆက်နယူတန် ထိုင်ခဲ့သည့် နေရာဖြစ်သည့် ကင်းဘရစ်တက္ကသိုလ်တွင် သင်္ချာပါမောက္ခအဖြစ် Lucasian Professor of Mathematics ရာထူးကို နှစ်ပေါင်း ၃၀ ကျော် တာဝန်ယူခဲ့ပြီးသည့်နောက်ပိုင်းတွင် ပြီးခဲ့သည့် နှစ်က အနားယူခဲ့သည့်။ မျက်မှောက်ခေတ်တွင် အထင်ရှားဆုံး သိပ္ပံပညာရှင်တစ်ဦးဖြစ်သည်။
==========================================================
င်္From = မောက္ခနိုင်ငံတကာပညာရေးသတင်း
http://www.maukkha.org/index.php/news-menu/506-2010-09-06-06-14-41
Source: Guardian UK
0 comments:
Post a Comment