တူယှဉ်ကာလေ တစ်ကယ်ပဲ အစွမ်းပြချင်တယ် :)
အိန္ဒိယ မြန်မာအခြား

Feb 18, 2013

ပြောင်းကို ပြောင်းဖို့လိုတဲ့ တို့နိုင်ငံ ပညာရေး

ဒီကနေ့ မြန်မာနိုင်ငံ၏ ပညာရေး စနစ်ကို ပြုပြင်ပြောင်းလဲဖို့ရန်အတွက် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အမှန်တစ်ကယ်ကို လိုအပ်နေပြီဖြစ်သည်။ ကနေ့ခေတ် အထက်တန်းကျောင်းတွေမှာ Grade 12 ထိကို သင်ယူနေတဲ့ကာလ တစ်ကယ်ရှိတော့မယ် ဆိုရင် ကျွန်တော်တို့အနေနဲ့ ကျောင်းသားတွေကို နောက်ထပ် ဘာသာရပ်တစ်ခုကို ထည့်ပေါင်း သင်ကြားပေးဖို့ လိုအပ်မယ်ထင်ပါတယ်။ ၎င်းဘာသာရပ်က ကွန်ပျူတာ ဘာသာရပ် အခြေခံပဲဖြစ်ပါတယ်။ ဒီဘာသာရပ်အတွက် အခြေခံဆိုတဲ့နေရာမှာ ကျွန်တော်တို့က စာတွေ့  ပုံတွေ့များနှင့်လည်းပဲ ထည့်သွင်းသင်ကြားပေးဖို့ပဲ လိုအပ်မယ်ထင် တယ်။ ဥပမာ .. ဘယ်ဘာသာရပ် ယူယူ မြန်မာစာကို မသင်မနေရဆိုရင် ကွန်ပျူတာ ဘာသာရပ်အခြေခံကိုလည်း ... ၀ိဇ္ဇာရော၊ သိပ္ပံပါ ယူချင်ရာ ယူကြသည့်ကလေးများ အားလုံး မဖြစ်မနေသင်ရမည့် အခြေခံဘာသာရပ်အဖြစ် ထည့်သွင်းစဉ်းစားဖို့ လိုအပ်သည်ဟု ထင်မိပါသည်။ ( ဟိုတစ်နေ့က ပဲခူးဘက်က အသိအစ်မ တစ်ယောက်နဲ့ စကားစပ်မိလို့ ပြောရာကနေ သူတို့ ပဲခူးက စတိတ်ကျောင်းတွေမှာတော့ ကွန်ပျူတာကို ထည့်သင်ပေးနေ ပါပြီတဲ့ … လာမယ့်ပညာသင်နှစ်ကိုလည်း အစိုးရက ကွန်ပျူတာတွေ ထပ်ချပေးမယ်တော့ ပြောသံကြားမိပါတယ်။) နောက်တစ်ခုက ကွန်ပျူတာကို လက်တွေ့ဆန်စွာ ကျင့်သုံးရမည့် ဘာသာရပ်အဖြစ် အသုံးချပါက (၁၅၊၁၆) အရွယ် ကျောင်းသူ/သား ကလေးများ၏ အမြင်အာရုံကို ပျက်စီးစေနိုင်တဲ့ အချက်ကိုလည်း ကျွန်တော်တို့က ထည့်သွင်းစဉ်းစားဖို့ လိုအပ်တာ အမှန်ပါပဲ။
ပညာရေးကို စိတ်ဝင်စားသူ ကျွန်တော်အနေနဲ့ အချို့  သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာများ နှင့် ကိုယ်တိုင် လေ့လာသင်ယူသိရှိမှုများကို ရောစပ်ယှဉ်တွဲ ၍ မြင်သလောက် ကို ယခုပြောပြချင်ပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဟိုးအရင်က ရန်ကုန်တက္ကသိုလ်ဆိုတာ အရှေ့ တောင် အာရှမှာ တော်တော့်ကို ထင်ရှားခဲ့တယ်လို့ သမိုင်းအရသိရှိခဲ့ရပါတယ်။ နောက်ပိုင်းတော့ အစိုးရ (ဘယ်အစိုးရလက်ထပ်ဆိုတာကိုတော့ ထည့်မပြောတော့ဘူးနော်) အနေနှင့် တက္ကသိုလ်များကို နေရာတော်တော်များများမှာ ဖွင့်လှစ်လိုက်ကြတော့ .. သူနဲ့သက်ဆိုင်ရာ တိုင်းတွေ၊ ပြည်နယ်တွေမှာ တက္ကသိုလ်တွေ တော်တော်များပြားလာခဲ့ရတယ်။ ကျောင်းသား တွေအတွက် မိမိနေရာဒေသခံမှာ သင်ကြားရသည့်တက္ကသိုလ်ရှိ၍ အဆင်ပြေနိုင်ပေမယ့် ... တက္ကသိုလ်တိုင်းမှာ သင်ထောက်ကူပစ္စည်းအပြင်၊ ကောင်းမွန်စွာ သင်ကြားပြသနိုင်မည့် ဆရာကောင်များမရှိ၍ ကျောင်းသူ /သားများ တစ်ချို့ ဟာ ဝေလေလေပါပဲ။ ဆရာကောင်း ရှိစေအုံးတော့ သင်ပြသူနဲ့သင်ယူသူကြားတွင် ရှိသင့်သောအရာမှာ စနစ်ကျသော သင်ကြား ခြင်း နှင့် စနစ်ကျသောသင်ကြားမှုအား သင်ယူသူဘက်မှ အာရုံစိတ်ဝင်စားခြင်း ပဲဖြစ်တယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ခုခေတ်ကလေးတွေဟာ တစ်ဦးတစ်ယောက်ချင်းစီက အရည်အချင်းမညံ့ကြသော်လည်း ... အချို့အပြိုင်အဆိုင်များသော မိဘတို့၏ ထိန်းချုပ်မှုသည် ၎င်းတို့ကလေးများကို ပြန်လည်ချုပ်ကိုင်ထားခြင်းဖြစ်ပင်ဖြစ်သည်။ ဥပမာ … စာတော်ချင်၍ စာကျက် ၊ စာမရရင်ကြိမ်စာ၊ ဆိုသည်မှာ ကြိမ်ကိုကြောက်၍ ကျက်ရသောစာက နုတ်တိုက် ဖြစ်နေ၍ ကလေးများ၏ အတွေးပိုင်းဆိုင်ရာများ ကွယ်ပျောက်သွား ရခြင်းပင်။ မိဘတို့၏ သွန်သင်ဆုံးမမှု၊ ကလေးများအပေါ်ဂရုစိုက်မှု ပေါ်တွင်လည်း အများကြီး မူတည်ပါသည်။
နောက်တစ်ခုပြောချင်တာက ဒီကနေ့ ပညာရေးစနစ်တွင် Grade 11(သို့)12 အောင် ၊ တက္ကသိုလ် ၀င်တန်းအောင်မြင်ပြီး ၁၆ နှစ် (သို့) ၁၇ နှစ် အရွယ်ကလေးများသည် ၎င်း Grade 11 (သို့)12 ကို ဖြေဆိုအောင်မြင်ပြီး၍ ရရှိလာသောအမှတ်နှင့် သက်ဆိုင်သည်မဟုတ်ပဲ ... ကလေးများ၏ဆန္ဒအတိုင်း ဆေးကျောင်းဖြင့်ဆေးကျောင်း၊ ကွန်ပျူတာဖြင့်ကွန်ပျူတာ၊ ဓါတု ဖြင့်ဓါတု စသည်ဖြင့် မိမိတို့ ၀ါသနာအရင်းခံပါခဲ့သော အသက်မွေးဝမ်းကျောင်းတစ်ခုအား သဘောထားအတိုင်း ဆက်လက်လေ့လာသင့်သည်။ သို့အတွက်လည်း မိမိဝါသနာပါသော ကျောင်း (တက္ကသိုလ်) သို့ ၀င်ရောက်ရာတွင် သက်ဆိုင်ရာဘာသာရပ်အတွက် အထူးစီစဉ်ပြု လုပ်ထားသောဝင်ခွင့်စာမေးပွဲကို ဦးစွာပထမ ဖြေဆိုအောင်မြင်ရမည်ဖြစ်ပြီး ထိုသို့အောင်မြင် ပြီးပါက ၎င်းတက္ကသိုလ်တွင် သတ်မှတ်ထားသော နှစ်ကာလအတိုင်းအတာတစ်ခုထိ သင်ယူရ မည်ဖြစ်သည်။ သင်ယူမှုနှင့်သင်ကြားနေစဉ်အတွင်း လက်တွေ့လုပ်ဆောင်ခြင်းများကို တိကျစွာလုပ်ဆောင်ရမည်ဖြစ်ပြီး စာမေးပွဲကာလတွင် ၎င်းတက္ကသိုလ်၌ပင် (၂) နှစ်ဆက်တိုက် (သို့) စာမေးပွဲ (၂)ခါ ကျရှုံးပါက ၎င်းကျောင်းသူ/သားအား ၎င်းတက္ကသိုလ်မှ ဖယ်ထုတ်၍ တစ်ခြားတက္ကသိုလ်တွင် ပညာဆက်လက်သင်ယူပိုင်ခွင့် ပေးရမည်ဖြစ်သည်။
ကနေ့ခေတ်မှာ မြန်မာ့အိပ်ပျော်နေသော ပညာရေးကို အမှီလိုက်ဖို့ ကျွန်တော်တို့ တစ်ခြားနိုင်ငံတွေနဲ့ပူးပေါင်းမှ အကျိုးအမြတ်ဖြစ်၍ အမှီလိုက်နိုင်မည် ဆိုလျှင်လည်း ပရိုက်ဗိတ် ကျောင်းများဖွင့်လှစ်မည့်အစား နိုင်ငံတော်အနေဖြင့် လက်ရှိနေရာများခွဲ၍ ဖွင့်လှစ်ပေးထား သော တက္ကသိုလ်အသီးသီးအလိုက် မြန်မာဆရာ/မ များနှင့် နိုင်ငံခြားဆရာ/မ များတွဲဖက်ကာ ၎င်းဆရာ/မတို့အား လိုအပ်သော ထောက်ပံ့မှုအပြည့်အစုံ နှင့် ကျောင်းတိုင်း၊ တက္ကသိုလ်တိုင်း တွင် ပညာရပ်ဆိုင်ရာ သင်ရိုးညွန်းတမ်းအပြည့်အစုံ ၊ သင်ထောက်ကူပစ္စည်းများကို ထပ်ပေါင်းဖြည်စွက်ပြီး လက်ရှိတက္ကသိုလ်များကိုပဲ အသေအချာ ပြန်လည်စီစစ်ပေး ရန်ဖြစ်သည်။
အကြောင်းမှာ ပညာရေးကို စိတ်ဝင်စားသူ ကျောင်းသူ/သားများသည် မတူညီသော အဆင့်အတန်းများနှင့် အသိုင်းအ၀ိုင်းများမှဖြစ်ကြ၍ ပညာရေးဆိုင်ရာကုန်ကျစရိတ်ကို နိုင်ငံတော်အစိုးရမဟုတ်သည့် အခြားအဖွဲ့အစည်းများက လုပ်ပေးနိုင်သည်ဆိုလျှင်တောင် နိုင်ငံတော်အတိုင်း ဆက်လက်သွားနိုင်ဖို့ ရေရှည်မလွယ်ကူပေ။ သက်သာချောင်ချိသော ပညာရေးကို ပညာလိုလားသူ ကျောင်းသူ/သားတိုင်းက သင်ကြားတက်ရောက်နိုင်ရန်အတွက် အဓိက လုပ်ဆောင်ပေးရမည်မှာ နိုင်ငံတော်အစိုးရတာဝန်ဖြစ်ပြီး ၎င်းအစိုးရအောက်မှ ပညာရေးဝန်ကြီးဌာနသည် အဓိကကျပေသည်။ ကိုယ်တိုင်က တတ်စေချင်၍ ပရိုက်ဗိတ် ကျောင်းများ နှင့် အခြားသောနိုင်ငံတွင် အကုန်ကျခံ သွားရောက်ထားချင်သူ မိဘများကိုလည်း မကန့်ကွက်ပါ ထားနိုင်ပါသည်။
ခုလတ်တလော ကျွန်တော်တို့နိုင်ငံအခြေအနေတွင် ပညာရေးနဲ့ပတ်သတ်သည့် တင်ပြချက်များကိုလည်း နေ့စဉ်နှင့်အမျှ တာဝန်ရှိသူ အသီးသီးတို့မှ တင်ပြဆွေးနွေးနေမှုများ လည်း တော်တော်ကိုများပြားလာသည်ကို သတိထားမိရာ ဒီအခြေအနေကို ကြည့်ခြင်း အားဖြင့် မြန်မာ့ပညာရေး ပြန်လည်ဦးမော့လာစေဖို့အတွက် အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်တွင် စိတ်အားထက်သန်လျှက်ရှိနေကြကြောင်း တွေ့မြင်မိ၍ အထူးပင် ကျေနပ်အားရမိပါသည်။
အချုပ်ပြောရမယ်ဆိုရင် ... တိုင်းပြည်ဆင်းရဲတာ ၊ ခွေးသူခိုးတွေရှိတာ ၊ ၊တိုင်းပြည်ကို ကောင်းမွန်စွာအုပ်ချုပ်မယ့်အစိုးရမရှိတာတွေဟာ ပညာနဲ့ပညာတတ်မရှိလျှင် အဲဒါတွေကိုက ရှိလာနိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် ပညာရေးနဲ့ ပညာတတ်တွေ ကျွန်တော်တို့နိုင်ငံမှာ အများကြီးလိုအပ်တယ်။ စိတ်ချသည်ဖြစ်စေ မချသည်ဖြစ်စေ ကျွန်တော်တို့က ကျွန်တော်တို့ တိုင်းပြည်ရဲ့  အနာဂတ်ကို ဒီနောင်လာနောက်သား ကလေးတွေရဲ့  လက်ထဲထားခဲ့ပြီး ပေးအပ် ခဲ့ရမှာ ဖြစ်တဲ့အတွက် နိုင်ငံရဲ့  ပညာရေးဟာ ခုကတည်းက အစကောင်းနေခဲ့ဖို့လိုပြီ။ နဂို ကတည်းက ကောင်းခဲ့သောအစရှိခဲ့သော်လည်း အကြောင်းမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ရ သည်ဆိုက ... ပျက်စဉ်ပြင်ခဏဆိုတာကို ထည့်တွေးလိုက်ပါ။ ပညာကို အလေးထားသူ တစ်ယောက်ဖြစ်၍ ပြောဆိုဆွေးနွေးရခြင်းဖြစ်သည်။ မည်သူ့ကိုမျှ ထိခိုက်စေလို၍ ရည်ရွယ် တင်ပြရေးသားထားခြင်းမဟုတ်ပါ။ သို့ဖြစ်ပါ၍ မိမိကတင်ပြသော အတွေးများ မှားနေလျှင် လည်းကောင်း၊ လိုအပ်ချက်များရှိပါကလည်းကောင်း၊ မိမိတို့ ရှုထောင့်များမှ ပြင်ဆင်ဖြည့်တွေး ရင်း ကျေနပ်ပေး ကြပါလို့ပြောရင်း အဆုံးသတ်ပါသည်ခင်ဗျာ။
==================================
မိုးထက်လုလင်

0 comments:

Post a Comment

MUCTR တက္ကသိုလ်ရှိ ကျာင်းသားများအတွက်

ရုရှားနိုင်ငံ၊ မော်စကိုမြို့ တော်ရှိ Mendeleyev University Of Chemical Technology Of Russia (MUCTR ) တက္ကသိုလ်မှ မြန်မာကျောင်းသား ညီငယ် Ph.D သင်တန်းသားများအတွက် Ph.D course တွင် ၎င်း (MUCTR) ကျောင်း Website တွင်ဖော်ပြထားသော ကျောင်းသား တစ်ဦးချင်းစီတိုင်း လုပ်ဆောင်ရမည့် Procedure များနှင့် သက်ဆိုင်သည့် Documents များအား မိမိ၏ ဆိုဒ် တွင် မြန်မာမှုပြု၍ အသေးစိတ်ဖော်ပြထားသလို သက်ဆိုင်သော Documents များအားလည်း Link များ ချိတ်၍ PDF ဖိုင်များဖြင့် ဖော်ပြထား၍ ။ သို့သော်လည်း လုပ်ဆောင်ရမည့် အချက်များဖြစ်သည့် Процедуры и нужные документы для аспирантов များကို ကျောင်းသားများအနေဖြင့် ကိုယ်တိုင် http://www.muctr.ru/acadc/soisc/procedure.php တွင် ရုရှားလို အသေးစိတ်သွားရောက် ဖတ်ရှုလေ့လာနိုင်ပါသည်။ မြန်မာလိုတော့ Procedure တစ်ခုချင်းစီအား စေတနာပါပါနဲ့ ရှင်းပြထားသလို ... မသက်ဆိုင်သူများလည်း လေ့လာ သွားနိုင်ပါသည်။ ပိုပြီးသိချင်တာများရှိရင်တော့ ကျွန်တော့် FB ဖြစ်သော https://www.facebook.com/naungyina တွင် ကျွန်တော်ရှိနေသော အခါ တိုက်ရိုက်မေးမြန်းနိုင်ပါသည်။
Процедуры и нужные документы для аспирантов
==============================================================================
Документы до предзащиты и защиты
=======================================================
Documents before pre-defense and defense
============================================================
အကြိုစာတမ်းနှင့်စာတမ်းဖတ်ပွဲမတိုင်မှီ လုပ်ဆောင်ရမည့် စာရွက်စာတမ်းများ
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
၁။ Философия ဘာသာရပ် ဖြေဆိုပြီးထားရန် လိုအပ်သည်။
_______________________________________________________________________________________
၂။ နိုင်ငံခြားဘာသာစကားတစ်ခု ဖြေဆိုပြီးထားရန် လိုအပ်သည်။ ကျောင်းအစီအစဉ်ဖြင့် ၎င်းတို့ ချပေးသော ဘာသာစကားမှာ Английский язык ဖြစ်သည်။
_______________________________________________________________________________________
၃။ အထက်ပါဖော်ပြပါ ဘာသာရပ် (၂) ခုကို စာမေးပွဲဖြေဆိုရန်နီးလာသောအခါ Отдел аспирантура တွင် Экзаменационный лист ကိုယူ၍ ဖြေဆိုရမည်ဖြစ်သည်။ Экзаменационный лист လိုရခြင်း အကြောင်းမှာ ဖြေဆိုခဲ့သော ရလဒ်အမှတ်များကို ၎င်း Экзаменационный лист တွင် ထည့်သွင်းမည်ဖြစ်ပြီး ၎င်း Экзаменационный лист ပါ အမှတ်စာရင်းရလဒ်အတိုင်း ဖြေဆိုပြီးသော ဘာသာရပ်များအား Протокол များလုပ်ထားရန် လိုအပ်သောကြောင့်ဖြစ်သည်။ ပြုလုပ်ပြီး ထားသော Протокол များကို IR ဌာနရှိ Секретарь ထံတွင်ပြန်လည် ပေးအပ်ထားရမည် ဖြစ်သည်။
_______________________________________________________________________________________
၎။ မိမိနှင့်သက်ဆိုင်သော Специальность ဘာသာရပ်ကို ဖြေဆိုပြီးထားရန် လိုအပ်သည်။ Специальность ဖြေဆိုရန်မှာ မိမိ၏ Научный руководитель အပေါ်တွင်မူတည်သည်။ မိမိ Научный руководитель အား မိမိ ဘယ်အချိန် Специальность ဖြေဆိုရမည်ကို ပြောဆိုကြည့်ပါ။ မိမိ Научный руководитель က ဖြေဆိုရန်အချိန်ကို ပြောလိမ့်မည်ဖြစ်၍ မိမိမှလည်း ဖြေရန်အသင့်ဖြစ်နေသောအခါတွင် အထက်ပါ နံပါတ် (၁) နှင့် (၂) တွင် ဖြေဆို ပြီးသော ဘာသာရပ်များကို Протокол လုပ်ထားသော စာရွက်များ နှင့် Экзаменационный лист ကို IR ဌာနရှိ Секретарь ထံတွင် ပြန်တောင်းပြီ Отдел аспирантура တွင်လည်း Специальность အတွက် Протокол စာရွက်ပုံစံတစ်ခုထပ်တောင်းလာပြီး မိမိဌာနတွင် မိမိနှင့် သက်ဆိုင်သော Специальность အားဖြေဆိုရမည်ဖြစ်သည်။ ဖြေဆိုပြီးသည်နှင့် ၎င်း Протокол အားလုံးကို IR ဌာနရှိ Секретарь ထံတွင်ပေးအပ်ထားရမည် ဖြစ်သည်။
_______________________________________________________________________________________
အထက်ပါ အချက်များသည် အကြိုစာတမ်းနှင့်စာတမ်းဖတ်ပွဲမတိုင်မှီ လုပ်ဆောင်ရမည့် စာရွက်စာတမ်းများနှင့်သက်ဆိုင်ရာ စာမေးပွဲများပင်ဖြစ်ပြီး ၎င်းတို့၏ Протокол ပုံစံများကို ဤနေရာကိုနှိပ်၍ သွားရောက်လေ့လာကြည့်နိုင်ပါသည်။
မှတ်ချက်နှင့်အကြံပေးချက်။ နောက်ဆုံး Специальность ဖြေဆိုပြီးသောအခါ Протокол များကိုမိမိမှ IR ဌာနရှိ Секретарь ထံပြန်မအပ်ခင် မိမိတွင် Scan ဖတ် သိမ်းထားနိုင်ကြောင်း မှတ်ချက်အနေဖြင့် အကြံပေးအပ်ပါသည်။